Tuesday, October 13, 2009
Friday, October 9, 2009
Saturday, October 3, 2009
Friday, September 11, 2009
ကျွန်တော် အကြိုက်ဆုံးထဲမှာ တခုအပါအဝင်ဖြစ်တဲ့ အတွေးအခေါ်ဆွေးနွေးခန်းလေး အကြောင်းပါ.
ဆ၇ာ။ ။ခုခေတ်မှာ “လူယဉ်ကျေး” ကလေးတွေတော်တော်နည်းနေပြီ။ “လူယဉ်ကျေးကြီး” တွေလည်းနည်းနေပြီ။တပည့်။ ။စကားစမိတုန်းမေးချင်တာလေး မေးခွင့်ပြုပါဆ၇ာ။ဆ၇ာ။ ။ မေးပါ။ ဘာမေးချင်တာလဲ။တပည့်။ ။ဆ၇ာပြောတဲ့“ယဉ်ကျေးတယ”်ဆိုတာကိုပဲမေးချင်တာပါ။ အဲဒီစကားကို ကျွန်တော်တို့လည်း အကြောင်းတိုက်ဆိုင်တိုင်း သုံးနေတာပဲ။ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ “ယဉ်ကျေးတယ်” ဆိုတဲံ စကား၇ဲ့ အဓိပါယ်ကို သေချာမသိဘူးခင်ဗျ။ဆ၇ာ။ ။တော်တော်ကောင်းတဲ့ မေးခွန်းလေးပဲ။ အားလုံးလည်း နားထောင်၇အောင် အားလုံးေ၇ှ့မှာ ဆွေးနွေး ကြ၇အောင်။တပည့်။ ။ ဆ၇ာ နားနေတာကို ဆ၇ာမနား၇အောင်လုပ်နေသလို ဖြစ်နေပါပြီ။ဆ၇ာ။ ။မဖြစ်ပါဘူး။ များများမေးလေ ဆ၇ာဆိုတာ သဘောကျလေပါ။လေးလေးနက်နက် စဉ်းစားတတ်သူတွေမှ မေးစ၇ာ ဆွေးနွေစ၇ာ၊ ငြင်းခုံစ၇ာဆိုတာ ၇ှိပါတယ်။ ခပ်ပေါ့ပေါ့ နေတတ်သူတွေမှာတော့ ဘာမှ မေးစ၇ာမ၇ှိတတ်ပါဘူး။ ခုခေတ်မှာ ခူတွေဟာ သိပ်လေးလေးနက်နက်မစဉ်းစားကြတော့ဘူး။ “ေ၇လိုက် ငါးလိုက်” ဆိုတဲ့ စကားလုံးကို လက်သုံးထားပြီးေ၇စီးကြောင်းမှာ အသါလေး မှေးလိုက်နေကြတာ ကများပါတယ်။တပည့်။ ။ ဒါကတော့ “ အခြေအနေအ၇ကိုး ဆ၇ာ၇ဲ့”။ ဆ၇ာ။ ။ အဲဒီ “အခြေအနေ” ဆိုတဲ့ စကားနဲ့ “ေ၇လိုက်ငါးလိုက်” ဆိုတဲ့ စကားနှစ်လုံးကြောင့် ဆ၇ာတို့ ညံ့ကုန်ကြတာပေါ့။တပည့်။ ။ “အများ မိုးခါးေ၇သေါက်နေတာ ကိုယ်လိုက် မသေါက်၇င် မိုက်၇ာကျမှာပေါ့” ဆိုတဲံ စကား၇ှိသေးတယ်ဆ၇ာ။ဆ၇ာ။ ။ ဟုတ်တယ် ဟုတ်တယ် အဲဒီစကားလည်းပါတယ်။ အဲဒီ စကားလုံး သုံးလုံးကို ဆင်ခြေအဖြစ်ပေးပြီးေ၇စုန်မျှော လိုက်နေကြတာ ကြာလာတော့ ဆ၇ာတို့ “လူ၇ည်လူသွေး” တွေညံ့ကုန်ကြတာပေါ့။ ညံ့ပါများတော့ “ဖျင်း” သွါးတယ်။ “ဖျင်း” ပါများတော့ “ အ” သွါးတယ်။ “အ” ပါများတော့ နောက်ဆုံးမှာ “တုံး” သွါးတော့တာပဲ။တပည့်။ ။ ကျတော် တို့ကို ဘယ်အဆင့်မှာ ဆ၇ာထားမလဲ။ဆ၇ာ။ ။ ဒါကတော့ ဆ၇ာမပြောနိုင်ဘူး။ ကိုယ့်ဟာကိုယ် ပြန်သုံးသပ်ဝေဖန်ကြည့်၇မယ့် ကိစပဲ။ သုံးသပ်ကြည့်ကြပါ။တပည့်။ ။ “ယဉ်ကျေးတယ်” ဆိုတဲ့ စကားနဲ့ အ၈င်္လိပ်စကားက “လူကြီးလူကောင်းစိတ်ဓါတ်” ဆိုတဲ့ စကားနဲ့ အတူတူပဲလား ဆ၇ာ။ဆ၇ာ။ ။ဆ၇ာတို့ဆွေးနွေး၇င်း နဲ့ အဖြေ၇လာမှာပေါ့။ သူများတွေထုတ်ပေးထားတဲံ အဖြေထက် ကိုယ့်အချင်းချင်း ငြင်းခုံ ဆွေးနွေး၇ာက ၇လာတဲ့ အဖြေက ပိုမှန်နိုင်တာပေါ့။တပည့်။ ။ ကျတော်တို့ ငြင်းခုံဆွေးနွေးကြပေမယ့် အဖြေထွက်မလာတဲ့ ကိစတွေလည်း၇ှိတတ်တယ်နော် ဆ၇ာ။ဆ၇ာ။ ။ ၇ှိတာပေါ့။ဆ၇ာ။ ။ စောစောကပြော ကြတဲ့ “ယဉ်ကျေးတယ်” ဆိုတဲံ စကားကို မြန်မားအဘိဓါန် အကျဉ်းချုပ်မှာ ဟောဒီလို ဖွင့်ဆိုထားတယ်။(ယဉ်) နုူးညံ့သိမ်မွေ့ နှစ်သက်ဖွယ် ဖြစ်သေါ၊ ၇ုန့်ကြမ်း၇ိုင်းစိုင်းခြင်းမ၇ှိသေါ။(ယဉ်ကျေး) သိမ်မွေ့နူးညံ့၊ ညင်သါပြေပြစ်သည့်အမူအ၇ာ၇ှိသေါ၊ ၇ိုင်းပြခြင်းမ၇ှိသေါ၊ တီထွင်ဆောင်၇ွက် လုပ်ကိုင်တတ်တရ်ျ တိုးတက်သည့် အသိဥာဏ်၇ှိသေါ” တဲ့။အင်္ဂလိပ် အဘိဓါန်တွေမှာလဲ “ညစ်ညမ်း ၇ိုင်းစိုင်းခြင်းမ၇ှိသေါ သိမ်မွေ့နူးညံသေါ အမူအကျင့်” တဲ့။တပည့်။ ။ ဒီလိုဆို၇င် ချိုသါပျော့ပျောင်းစွါ စကားပြောတာ၊ကိုယ်ဟန်အမူအ၇ာ နူးညံ့သိမ်မွေ့တာ၊ ထီးဟန် နန်းဟန်လေးနဲ့ မန်းဆန်တာတွေကို “ယဉ်ကျေးတယ်” လို့ သတ်မှတ်၇မှာပေါ့။ “လူယဉ်ကျေး” ဆိုတာ ဒီလောက်နဲ့တော့ မခေါ်နိုင်ဘူးထင်တယ် ဆ၇ာ။ဆ၇ာ။ ။ ဟုတ်တယ်။ “ယဉ်ကျေးတယ်”်ဆိုတာ ဒီထက် ပိုပြီးကျယ်ဝန်းနက်၇ှိုင်းပါတယ်။ဥပမာလေးတခုဆ၇ာ ပြောကြည့်မယ်နော်။ လူတယောက်ဆိုပါတော့ ပညါတွေ အများကြီးတတ်ထားပြီး ၇ာထူး၇ာခံကြီးလည်း၇ထားတယ်။ ဥပဓီ၇ုပ်လည်းကောင်တယ်။ အပြောအဆိုအမူအ၇ာလည်း ချိုသါနူုးညံ့ သိမ်မွေ့ညက်ညေါပါတယ်။ ဒါပေမယ့် သူအကျင့်ကတော့ ခူတကာပေါ်မှာ ဖြတ်စားလပ်စားလုပ်ပြီး “လူညွန့်ခူး” တတ်တယ်။၇သါ၇င်“ဘနဖူး သိုက်တူးမယ်” ဆိုတဲ့ စိတ်မျိုး၇ှိတယ်။တခြားလူ တယော်ကတော့ ပညါမတတ်တဲ့ ဆင်း၇ဲသါး အလုပ်ကြမ်း သမားဖြစ်တယ်။ လူကြမ်းစိတ်ကြမ်းကြီးပဲ။ ဒါပေမယ့် ၇ိုးသါး ဖြောင့်မတ်ပြီး သဘောဖြူတယ်။ မတော်မတ၇ာ ဘယ်တော့မှ မလုပ်ဘူး။ ကိုယ်တိုင်းက ဆင်း၇ဲပြီး ကြက်ယက်သလို ယက်ပြီး ပိုက်ဆံ၇ှာ၇တာဆိုတော့ ဘယ်သူ့ပေါ်မဆို စာနာတတ်တယ်။ ကဲ၊ အဲဒီလူနှစ်ယောက်မှာ ဘယ်သူ့ကို “လူယဉ်ကျေး” လို့ခေါ်မလဲ။တပည့်။ ။ ၇ှင်းပါတယ်ဆ၇ာ။ နောက်လူကိုသါ ‘လူယဉ်ကျေး’ လို့ခေါ်၇မှာပေါ့။ဆ၇ာ။ ။ ဒါဆို နောက်ဥပမာ တခုပြောကြည့်မယ်။ အငြင်းသန်ပြီး အင်မတန် ကတ်တီးကတ်ဖဲ့ ပြောတတ်တဲ့ လူတယောက်နဲံ မင်းဟာ လူပုံအလယ်မှာ အကြောက်အကန် အငြင်းအခုံ ဖြစ်ကြတယ်။ အဲဒီလူဟာ မင်းလို ပညါတတ်တယောက်မဟုတ်ဖူး။ ဒါကို လူတိုင်းသိကြတယ်။ အဲဒီလူက သူ့ဥာဏ်လေး တမိုက်တထွါနဲ့ ဇွတ်အတင်းမျက်စိမှတ်ပြီး ငြင်းနေတာ လူတိုင်းက အမြင်ကတ်နေကြတယ်။ သူ့ကို လူပုံလယ်မှာ အ၇ှက်တကွဲ ဖြစ်သွါးပြီး ငြိမ်ကျသွါးအောင် မင်းတတ်ထားတဲ့ ပညါတွေနဲံ လုပ်နိုင်စွမ်း မင်းမှာ၇ှိတယ်။ အဲဒါ မင်း သူ့အ၇ှက်၇အောင် လုပ်ပစ်လိုက်မလား။ သူ့ကိုသင်ခန်းစာပေးတဲံ သဘောပေါ့။တပည့်။ ။ အသေအချာလုပ်မှာပေါ့ ဒါမှ တခြားသူတွေနားမချမ်းသါဖြစ်နေ၇တဲံ အဖြစ်ကလွတ်သွါမှာပေါ့။ဆ၇ာ။ ။ဒါဆို မင်းဟာ “လူယဉ်ကျေး” မဟုတ်ဘူး။တပည့်။ ။ ဟင်ဘာကြောင့်လဲ ဆ၇ာ။ ဟိုလူက လူတကာကို ဒုက္ခပေးနေတဲ့ “အော့ကြောလန်” တယောက်ပဲ။ဆ၇ာ။ ။ အော့ကြောလန် ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် ပညါအဆင့်အတန်းအ၇ ကိုယ်နဲ့ မယှဉ်သါအောင် နိမ့်ကျနေတဲ့ သူတယောက်ပဲ။ အဲဒီလို ကိုယ့်ထက်နိမ့်ကျပြီးကိုယ်က လွယ်လွယ် နိုင်မှန်းသိနေတဲ့ သူတယောကိုအ၇ှက်ခွဲပြီး အနိုင်ယူတာဟာ “လူယဉ်ကျေး” တယောက်၇ဲ့ လုပ်၇ပ်မဟုတ်ဘူး။တပည့်။ ။ ဒါဆို ဒီလူကို ဘာလုပ်၇မှာလဲ ဆ၇ာ။ဆ၇ာ။ ။ဆ၇ာမင်းကိုတခုမေးမယ်။ မင်း အင်မတန်လေးစားတဲံ မင်း၇ဲ့ ပါမောက္ခတယောက်က မှားတယ်လို့ မင်းအခိုင်အမာ ယုံကြည်တဲ့ ကိစတခုကို လူပုံအလယ်မှာ မှန်တယ်လို့ပြောနေတယ်။ အဲဒီကိစမမှန်ဘူး ဆိုတာ အထောက်အထား ခိုင်ခိုင်လုံလုံ မင်းမှ ပြစ၇ာ၇ှိတယ်။ မင်းဘာလုပ်မလဲ။ မင်း ပါမောက္ခ ကိုထငြင်းမလား။တပည့်။ ။ ဟာ ဆ၇ာ၇လည်း ကျတော် ဒီလောက်တော့ ဘယ်မိုက်၇ိုင်းပါ့မလဲ။ဆ၇ာ။ ။ဒါဆို မင်းဘာလုပ်မလဲ။တပည့်။ ။ အသါလေး ပါးစပ်ပိတ်ပြီး ငြိမ်နေမှာပေါ့ ဆ၇ာ။ဆ၇ာ။ ။ ဒါဆိုလည်း မင်းဟာ ‘လူယဉ်ကျေး’ တယောက်မဟုတ်ဘူး။ မင်းပါးစပ်ပိတ်ထားတာက မင်းအနေနဲ့ ဘယ်လိုမှ မနိုင်နိုင်ဘူး ဆိုတာ သေချာတဲ့ ပါမောက္ခတယောက်မို့ ငြိမ်နေတာ။ဒီကြားထဲမှာ ဥပမာ တပုဒ်၇ှိပါတယ် စာမျက်နှာမလောက်မှာစိုးလို့မဖေါ်ပြတော့ပါဘူး။တပည့်။ ။လူယဉ်ကျေးဖြစ်လာအောင်ဘယ်အ၇ာတွေကဖန်တီးပေးတာလဲဆ၇ာ။ “ပညါါ”ကလား “အဆင့်အတန်း” ကလား။ဆ၇ာ။ ။ပညါတတ်တိုင်း ‘လူယဉ်ကျေး’ ဖြစ်မလာနိုင်ဘူး။တပည့်။ ။ အဲဒီလို ဆို၇င် ဘာက ‘လူယဉ်ကျေး’ ဖြစ်စေတာလဲ။ဆ၇ာ။ ။ လူ၇ဲ့ “လိပ်ပြာ” ဆိုတာလေးပေါ့။ လူတွေ မသိ၇အောင် တခုခုကို တသက်လုံး ဖုံးထားလို့ လိမ်ထားလို့၇နိုင်တယ်။ ကိုယ့် ‘လိပ်ပြာ’ ကိုတော့ ကိုယ်လိမ်လို့မ၇ဘူး။ ဘယ်သူမှ မသိဘူးဆိုပြီး လူလိမ် လူုကောက်တွေဟာ ၀မ်းသါပျော်၇ွင် နေနိုင်ကြမယ် မထင်နဲ့။ သူတို့ ‘လိပ်ပြာ’ က သူတို့ကိုအမြဲ ပြန်ခြောက်နေတာခံနေ၇လို့ ဒီလိုလူစားမျိုးတွေဟာ အမြဲကျိတ်ပြီး စိတ်သေါကတွေ ခံစားနေ၇တာ ချည်းပဲ။ လူေ၇ှ့သူေ၇ှ့မှာ ပြုံး၇ွင်၇ယ်မောနေပေမယ့် သူတို့ အပြုံး သူတို့အ၇ယ်တွေမှာ အသက်ဝင်မနေဘူး။ အပြုံးသေ၊ အ၇ယ်သေ၊ မျက်နှာသေ တွေချည်းပဲ။အဲဒီမှာ ဥပမာ ပုံပြင်တပုဒ်ပေးထားပါတယ် ကွေးစာမျက်နှာမလောက်မှာစိုးလို့မဖေါ်ပြတော့ပါဘူး တပည့်။ ။ “ကိုယ့်လိပ်ပြာ ကိုပြန်လန့်” တဲ့ အဖြစ်မျိုးမေ၇ာက်ဖို့ ဘာလိုပါသလဲဆ၇ာ။ဆ၇ာ။ ။ “အသိဥာဏ”် လိုတာပေါ့။ အသိဥာဏ်၇ှိတဲ့ လူမှ ဘယ်ဟာကတော့ လုပ်သင့်တယ်၊ ဘယ်ဟာကတော့ မလုပ်သင့်ဘူး ဆိုတာ ဝေဖန်ပိုင်းခြား နိင်မှာပေါ့။ အဲဒီလို သင့်မသင့် တော်မတော် ဝေဖန်ပိုင်းခြား တတ်သူမှ “လူယဉ်ကျေး” ဖြစ်လာနိုင်တာပါ။ လောကကြီးမှာ သူတပါးက ကိုယ့်ကို “၇ိုသေ” အောင် လုပ်ဖို့က လွယ်ပါတယ်။ “ကိုယ့်ကိုကိုယ် ၇ိုသေအောင်” လုပ်ဖို့ကတော့ မလွယ်ဘူး။ အဲဒီလို “ကိုယ့်လိပ်ပြာ ကိုယ်၇ိုသေနိုင်တဲ့လူ” ဟာ “စိတ်ချမ်းသါတဲ့လူ” ဖြစ်တယ်။ “လူယဉ်ကျေး” လည်းဖြစ်တယ်။တပည့်။ ။ ဒီလို လူယဉ်ကျေး ဖြစ်ဖို့တယ်တော့ မလွယ်ဘူးနော်။ဆ၇ာ။ ။အဖိုးတန်တဲ့ အ၇ာမှန်သမျှ ခပ်လွယ်လွယ် ခပ်ပေါ့ပေါါ့နဲ့ မ၇နိုင်ဘူးလေ။ သင့်တင့်လျောက်ပတ်တဲ့ တန်ဖိုးတော့ ပေး၇မှာလေ။
Subscribe to:
Posts (Atom)